Myanmar Celebrity News

” သူမဘဝရဲ့အလိုအပ်ဆုံးအရာတွေထဲမှာ အိမ်ထောင်ရေးကိုထည့်သွင်းမစဉ်းစားထားဘူးဆိုတဲ့ ခင်သဇင် ”

Myanmar Cele-Cafe ပရိသတ်ကြီးရေ ခင်သဇင်ကတော့ ပရဟိတတွေလုပ်လွန်းလို့ တစ်ချို့ကတောင် ပရဟိတမင်းသမီးလေးလို့ခေါ်ဆိုခဲ့ကြတာပါ။ ပရိသတ်တွေအထူးသဘောကျခဲ့ရတဲ့ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်ခဲ့ပြီးနောက်ပိုင်း ပရိသတ်တွေပိုမိုသတိထားမိလာတာပါ။

ခင်သဇင်ကတော့ ” ထာဝရနှောင်ကြိုး”ဇာတ်လမ်းတွဲကနေ ပရိသတ်တွေပိုမို အားပေးခြင်းခံလာရ​သူပါ။ပရိသတ်တွေတခဲနက်အားပေးတဲ့ MRTV4ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ ” အချစ်ဖွဲ့လေညင်း “ဇာတ်လမ်းတွဲမှာ မိုးကလျာဆိုတဲ့ ဗီလိန်ကာရိုက်တာအနေနဲ့ပါဝင်ခဲ့တာဖြစ်ပါတယ်။

သူမရဲ့အချစ်ရေးကို ပရိသတ်တွေကစိတ်ဝင်တစားရှိပေမယ့် သူမကတော့အခုချိန်ထိ တစ်ယောက်ထဲ လွတ်လပ်စွာSingle ဘဝနဲ့ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း “ကိုယ့်ဘဝမှာ အနုပညာရယ် စာအုပ်တွေရယ်လှပတဲ့နှလုံးသားရယ်မြတ်စွာဘုရားရဲ့တရားတွေသာရှိရင်ထာဝရအရာရာပြည့်စုံနေပါပြီ”ဆိုတဲ့ စာလေးနဲ့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ My dayမှာပြောပြရင်ဖွင့်ခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့MyanmarCele-Cafe ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Khin Thazin ‘sMy day
Candy -MyanmarCele-Cafe
ယူနီကုတ်ဖြင့်ဖတ်ရန်

Leave a Comment