Myanmar Celebrity News






ယူနီကုတ်ဖြင့်ဖတ်ရန်

” သူမပါဝင်ကာ ပြည်သူချစ်မင်းသားချောဒေါင်းနဲ့အတူတွဲဖက်ရိုက်ကူးခဲ့တဲ့ဆောင်းတွင်းနွေ Music Videoလေးကို ကိုယ်တိုင်ပြန်လည်အားပေးကြည့်ရှူခဲ့တဲ့ မေဂရေ့စ်”

MyanmarCele-Cafe ပရိသတ်ကြီးရေ မေ့ဂရေ့စ်ကတော့ ကပြားမလေးတစ်ဦးဖြစ်ပြီး ယောကျာ်းလေးတိုင်း သဘောကျအားပေးရတဲ့ မော်ဒယ်လ်မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ် ။သူမကတော့
စကားပြောရင်လည်း အေးအေးလေးနဲ့ ချစ်စရာကောင်းသူတစ်ဦးဖြစ်တဲ့အပြင် ပညာရေးဘက်မှာလည်း ထူးချွန်တဲ့သူတစ်ယောက်ပါ။

လက်ရှိမှာလည်း ကြော်ငြာ်တွေ ရိုက်ကူးနေပြီး သရုပ်ဆောင်လည်း လုပ်နေပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Covid 19ဖြစ်ပွားနေတာကြောင့် အိမ်မှာပဲ Stay Homeနေကာ ကိတ်မုန့်ဖုတ်တာတွေအပြင် TikTok တွေလည်း ဆော့နေကြောင်း ​သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ My Dayမှာ ဝေမျှခဲ့တာပါ။

ဒီနေ့မှာတော့ ပြည်သူ့အချစ်တော်မင်းသားဒေါင်းနဲ့ အတူသူမရိုက်ကူးခဲ့တဲ့ Music Videoလေးဟာ မကြာခင်ကထွက်ရှိခဲ့တာပါ။ ဆောင်းတွင်းနွေဆိုတဲ့ Music Videoလေးကို သူမပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး သူမကိုယ်တိုင်ပြန်လည်အားပေးကြည့်ရှူခဲ့ကြောင်းကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ My dayမှာတင်လာခဲ့တာပါ။MyanmarCele-Cafeပရိသတ်တွေလည်း ဆောင်းတွင်းနွေ Music Videoလေးကိုကြည့်ရှူပြီးရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Myanmar Cele-Cafe ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: May Grace Parry ‘sMy Day
Candy -Myanmar Cele-Cafe

Leave a Comment