Myanmar Celebrity News

” သူစိမ္းအိမ္” နဲ႔ “မီ” ႐ုပ္ရွင္ဇာတ္ကား တို႔ဟာ လာအိုႏိုင္ငံမွာ က်င္းပမယ့္ အေရွ႕ေတာင္အာရွ ႐ုပ္ရွင္ပြဲေတာ္ လြမ္ပရာဗန္႐ုပ္ရွင္ပြဲေတာ္ Luang Prabang Film Festival မွာ ပါဝင္ျပသဖို႔ေ႐ြးခ်ယ္ခံရေၾကာင္း ေျပာျပလာတဲ့ဒါ႐ိုက္တာထူးပိုင္ေဇာ္ဦး”

Myanmar Cele-Cafe ပရိသတ္ႀကီးေရ ဒါ႐ိုက္တာထူးပိုင္ေဇာ္​ဦးကေတာ့ ” ည” ႐ုပ္ဇာတ္ကားႀကီးနဲ႔ ပရိသတ္ေတြစတင္သိရွိလာၿပီး ပရိသတ္ေတြ အထူးအားေပးခဲ့တဲ့ “သူစိမ္းအိမ္” ဇာတ္ကားႀကီးရဲ႕ ဒါ႐ိုက္တာတစ္ေယာက္လည္း ျဖစ္ပါတယ္ အသက္ငယ္ငယ္ေလးနဲ႔ ႐ိုက္ကူးတဲ့ဇာတ္ကားတိုင္းေအာင္ျမင္ေအာင္႐ိုက္ကူးႏိုင္တဲ့ ပညာရွင္တစ္ဦးလို႔ေတာင္ဆိုရမွာပါ။

မၾကာေသးမီကလည္း သူ႐ိုက္ကူးခဲ့တဲ့ သူစိမ္းအိမ္႐ုပ္ရွင္ဇာတ္ကားႀကီးက Asian Academy Creative Awards မွာ အေကာင္းဆုံး ႐ုပ္ရွင္ဇာတ္ကား Best Fiction နဲ႔အေကာင္းဆုံး ဒါ႐ိုက္တာ Best Director ဆု ၊ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ပို႔ ဆု Best Actress in Supporting Role ဆုေတြကိုရရွိခဲ့ၾကတာပါ။ ထပ္မံၿပီး ဒီေန႔မွာေတာ့ သတင္းေကာင္းတစ္ခုကိုေၾကညာခဲ့တာပါ။

” ေပ်ာ္စရာ သတင္းေကာင္းတစ္ခု ေဝမွ်ခ်င္ပါတယ္။ကြၽန္ေတာ္ ႐ိုက္ကူးတဲ့ “သူစိမ္းအိမ္” ႐ုပ္ရွင္ဇာတ္ကား နဲ႔ ကိုဏႀကီး ႐ိုက္ကူးတဲ့ “မီ” ႐ုပ္ရွင္ဇာတ္ကား တို႔ဟာ လာအိုႏိုင္ငံမွာ က်င္းပတဲ့ အေရွ႕ေတာင္အာရွ ႐ုပ္ရွင္ပြဲေတာ္ လြမ္ပရာဗန္႐ုပ္ရွင္ပြဲေတာ္ Luang Prabang Film Festival မွာ ပါဝင္ျပသဖို႔ ေ႐ြးခ်ယ္ခံရပါတယ္။႐ုပ္ရွင္ပြဲေတာ္မွာ အေရွ႕တာင္အာရွႏိုင္ငံ မ်ားမွ ႐ုပ္ရွင္ဇာတ္ကား ၂၄ ကား ပါဝင္မွာျဖစ္ပါတယ္။ယခုႏွစ္ကေတာ့ Covid အေျခအေနမ်ားေၾကာင့္ Online Film Festival အေနနဲ႔ က်င္းပမွာပါ။ဒီဇင္ဘာလ ၄ ရက္ မွ ၁၀ ရက္ ေန႔ အတြင္း ႐ုပ္ရွင္ပြဲ‌ေတာ္ဝင္ ႐ုပ္ရွင္ဇာတ္ကားမ်ားကို Online မွာ ၾကည့္ရႈႏိုင္မွာျဖစ္ပါတယ္။”ဆိုကာ ထူးထူးျခားျခားေပ်ာ္စရာသတင္းေလးကိုေဝမွ်ခဲ့တာပါ။ ဖတ္ရႈေပးၾကတဲ့ Myanmar Cele-Cafe ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Htoo Paing Zaw Oo
Candy- Myanmar Cele-Cafe
ယူနီကုတ္ျဖင့္ဖတ္ရန္

” သူစိမ်းအိမ်” နဲ့ “မီ” ရုပ်ရှင်ဇာတ်ကား တို့ဟာ လာအိုနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင်အာရှ ရုပ်ရှင်ပွဲတော် လွမ်ပရာဗန်ရုပ်ရှင်ပွဲတော် Luang Prabang Film Festival မှာ ပါဝင်ပြသဖို့ရွေးချယ်ခံရကြောင်း ပြောပြလာတဲ့ဒါရိုက်တာထူးပိုင်ဇော်ဦး”

Myanmar Cele-Cafe ပရိသတ်ကြီးရေ ဒါရိုက်တာထူးပိုင်ဇော်​ဦးကတော့ ” ည” ရုပ်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေစတင်သိရှိလာပြီး ပရိသတ်တွေ အထူးအားပေးခဲ့တဲ့ “သူစိမ်းအိမ်” ဇာတ်ကားကြီးရဲ့ ဒါရိုက်တာတစ်ယောက်လည်း ဖြစ်ပါတယ် အသက်ငယ်ငယ်လေးနဲ့ ရိုက်ကူးတဲ့ဇာတ်ကားတိုင်းအောင်မြင်အောင်ရိုက်ကူးနိုင်တဲ့ ပညာရှင်တစ်ဦးလို့တောင်ဆိုရမှာပါ။

မကြာသေးမီကလည်း သူရိုက်ကူးခဲ့တဲ့ သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကားကြီးက Asian Academy Creative Awards မှာ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား Best Fiction နဲ့အကောင်းဆုံး ဒါရိုက်တာ Best Director ဆု ၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ ဆု Best Actress in Supporting Role ဆုတွေကိုရရှိခဲ့ကြတာပါ။ ထပ်မံပြီး ဒီနေ့မှာတော့ သတင်းကောင်းတစ်ခုကိုကြေညာခဲ့တာပါ။

” ပျော်စရာ သတင်းကောင်းတစ်ခု ဝေမျှချင်ပါတယ်။ကျွန်တော် ရိုက်ကူးတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကား နဲ့ ကိုဏကြီး ရိုက်ကူးတဲ့ “မီ” ရုပ်ရှင်ဇာတ်ကား တို့ဟာ လာအိုနိုင်ငံမှာ ကျင်းပတဲ့ အရှေ့တောင်အာရှ ရုပ်ရှင်ပွဲတော် လွမ်ပရာဗန်ရုပ်ရှင်ပွဲတော် Luang Prabang Film Festival မှာ ပါဝင်ပြသဖို့ ရွေးချယ်ခံရပါတယ်။
ရုပ်ရှင်ပွဲတော်မှာ အရှေ့တောင်အာရှနိုင်ငံ များမှ ရုပ်ရှင်ဇာတ်ကား ၂၄ ကား ပါဝင်မှာဖြစ်ပါတယ်။
ယခုနှစ်ကတော့ Covid အခြေအနေများကြောင့် Online Film Festival အနေနဲ့ ကျင်းပမှာပါ။ဒီဇင်ဘာလ ၄ ရက် မှ ၁၀ ရက် နေ့ အတွင်း ရုပ်ရှင်ပွဲ‌ေတာ်ဝင် ရုပ်ရှင်ဇာတ်ကားများကို Online မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။”ဆိုကာ ထူးထူးခြားခြားပျော်စရာသတင်းလေးကိုဝေမျှခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ Myanmar Cele-Cafe ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Htoo Paing Zaw Oo
Candy- Myanmar Cele-Cafe

Leave a Comment