Myanmar Celebrity News
Source : Wint Yee Shunn
ယူနီကုတ်ဖြင့်ဖတ်ရန်
” Covid ကာလမှာ တစ်ယောက်နဲ့တစ်ယောက်အကောင်းမြင်စိတ်လေးနဲ့ ဖေးမကြကာကျန်းမာရေးကောင်းအောင်နေထိုင်ဖို့ သတိပေးအကြံပြု လိုက်တဲ့ဝိုင်းလေး ”
အဆိုဘက်မှာ အရမ်းထူးချွန်တဲ့ဝိုင်းလေးကတော့ အိမ်မက်ဆုံရာအဆိုပြိုင်ပွဲကနေ လူသိများလာခဲ့တာလို့ ဆိုနိုင်ပါတယ်။နောက်ပိုင်းမှာလည်း Miss Myanmar World( 2014) Winner တစ်ယောက်ဖြစ်လာခဲ့ပြီး ယောကျာ်းလေးပရိသတ်တွေအားပေးနှစ်ခြိုက်တဲ့ အဆိုတော် အလှမယ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။
သူမရဲ့သီချင်းတွေကို ပရိသတ်တွေက တခဲနက်အားပေးကြပြီး သီချင်းသစ်ထွက်တိုင်းလည်းပရိသတ်တွေပါးစပ်များမှာ ရေပန်းစားလေ့ရှိတာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်တဲ့ အဆိုတော်အလှမယ် တစ်ယောက်ပါနော်။အမြဲပေါ့ပါးပျော်ရွှင်စွာနေတတ်တဲ့အပြင် သူမရဲ့ ပရိသတ်တွေအပေါ်မှာလည်းအမြဲဂရုစိုက်လွန်းသူတစ်ယောက်ပဲ ဖြစ်ပါတယ်။
ဒီနေ့မှာလည်း ” အကောင်းမြင်စိတ်မွေးပါ ။ ကောင်းမွန်တဲ့စကားတွေ ပြောပါ ။ကျန်းမာအောင်နေပါ ။ကောင်းသောနေ့လေး ဖြစ်ပါစေ ချစ်တဲ့ ဝိုင်းလေး”ဆိုတဲ့စာလေးနဲ့ သူမရဲ့ချစ်လှစွာသောပရိသတ်​တွေကို ဂရုတစိုက်နဲ့သတိပေးအကြံပြုစကားလေးပြောကြားခဲ့တာပါ။ ဖတ်ရှူပေးကြတဲ့ Myanmar Cele- Cafe ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Wint Yee Shunn
Candy – Myanmar Cele- Cafe
Leave a Comment