K Wave News

သူမ အႀကိဳက္ဆုံး အနမ္းဇာတ္ဝင္ခန္းနဲ႔ပတ္သတ္ၿပီး ဖြင့္ဟေျပာျပလာတဲ့ Jun So Min

သ႐ုပ္ေဆာင္မင္းသမီးတစ္လက္ျဖစ္ေပမယ့္လည္း လက္ရွိအခ်ိန္မွာေတာ့ Running Man ရဲ႕အဖြဲ႕ဝင္တစ္ေယာက္အျဖစ္ ပိုမိုလူသိမ်ားတဲ့ Jung So Min ဟာဆိုရင္ ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက Esquire Korea မဂၢဇင္းနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာ ပရိသတ္ေတြစိတ္ဝင္စားေလာက္မယ့္ အေၾကာင္းအရာတခ်ိဳ႕ကို ဖြင့္ဟေျဖဆိုေပးသြားခဲ့ပါတယ္။

ဒီလိုဖြင့္ဟသြားခဲ့တဲ့ အေၾကာင္းအရာေတြထဲကမွ တစ္ခုကေတာ့ သူမ ႐ိုက္ကူးလာတဲ့ ဒရမ္မာဇာတ္လမ္းတြဲေတြထဲမွာမွ မည္သည့္ဇာတ္လမ္းေတြကို အမွတ္တရအရွိဆုံးလဲဆိုတာနဲ႔ ဘယ္အနမ္းဇာတ္ဝင္ခန္းကို အႀကိဳက္ဆုံးလဲဆိုတာပါပဲ။

သူမရဲ႕ေျပာျပခ်က္အရေတာ့ သူမအေနနဲ႔ အမွတ္တရအျဖစ္ဆုံးဇာတ္ကားေတြက “1% of Something”, “Top Star U-Back” နဲ႔ “Big Data Dating” ဇာတ္လမ္းတြဲေတြျဖစ္ၿပီး အႀကိဳက္ဆုံးအနမ္းဇာတ္ဝင္ခန္းကေတာ့ “1% of Something” ဇာတ္လမ္းတြဲထဲမွာ Ha Seok Jin နဲ႔ အနမ္းဖလွယ္ခဲ့တဲ့ အခန္းျဖစ္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ဒီအနမ္းဇာတ္ဝင္ခန္းဟာ ကိုရီးယားဒရမ္မာေလာကရဲ႕ နာမည္အႀကီးဆုံးအနမ္းဇာတ္ဝင္ခန္းတစ္ခန္းျဖစ္တယ္လို႔လည္း သူမအေနနဲ႔ သုံးသပ္မိေၾကာင္း၊ ဒီလိုမ်ိဳးသုံးသပ္ရတဲ့ အေၾကာင္းအရင္းကေတာ့ အဆိုပါဇာတ္ဝင္ခန္းကို YouTube မွာ ၾကည့္ရႈၾကတဲ့အေရအတြက္ဟာ မယုံႏိုင္ေလာက္ေအာင္မ်ားျပားလြန္းတာကို ေတြ႕ဖူးတာေၾကာင့္ျဖစ္တယ္လို႔ ဆိုပါတယ္။

သင္တို႔ေရာ Jung So Min ရဲ႕ အႀကိဳက္ဆုံး အနမ္းဇာတ္ဝင္ခန္းကို ၾကည့္ရႈခဲ့ၾကဖူးပါသလား။

Ref : Soompi
Nemo – K Cele Voice

Unicode

သရုပ်ဆောင်မင်းသမီးတစ်လက်ဖြစ်ပေမယ့်လည်း လက်ရှိအချိန်မှာတော့ Running Man ရဲ့အဖွဲ့ဝင်တစ်ယောက်အဖြစ် ပိုမိုလူသိများတဲ့ Jung So Min ဟာဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Esquire Korea မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပရိသတ်တွေစိတ်ဝင်စားလောက်မယ့် အကြောင်းအရာတချို့ကို ဖွင့်ဟဖြေဆိုပေးသွားခဲ့ပါတယ်။

ဒီလိုဖွင့်ဟသွားခဲ့တဲ့ အကြောင်းအရာတွေထဲကမှ တစ်ခုကတော့ သူမ ရိုက်ကူးလာတဲ့ ဒရမ်မာဇာတ်လမ်းတွဲတွေထဲမှာမှ မည်သည့်ဇာတ်လမ်းတွေကို အမှတ်တရအရှိဆုံးလဲဆိုတာနဲ့ ဘယ်အနမ်းဇာတ်ဝင်ခန်းကို အကြိုက်ဆုံးလဲဆိုတာပါပဲ။

သူမရဲ့ပြောပြချက်အရတော့ သူမအနေနဲ့ အမှတ်တရအဖြစ်ဆုံးဇာတ်ကားတွေက “1% of Something”, “Top Star U-Back” နဲ့ “Big Data Dating” ဇာတ်လမ်းတွဲတွေဖြစ်ပြီး အကြိုက်ဆုံးအနမ်းဇာတ်ဝင်ခန်းကတော့ “1% of Something” ဇာတ်လမ်းတွဲထဲမှာ Ha Seok Jin နဲ့ အနမ်းဖလှယ်ခဲ့တဲ့ အခန်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီအနမ်းဇာတ်ဝင်ခန်းဟာ ကိုရီးယားဒရမ်မာလောကရဲ့ နာမည်အကြီးဆုံးအနမ်းဇာတ်ဝင်ခန်းတစ်ခန်းဖြစ်တယ်လို့လည်း သူမအနေနဲ့ သုံးသပ်မိကြောင်း၊ ဒီလိုမျိုးသုံးသပ်ရတဲ့ အကြောင်းအရင်းကတော့ အဆိုပါဇာတ်ဝင်ခန်းကို YouTube မှာ ကြည့်ရှုကြတဲ့အရေအတွက်ဟာ မယုံနိုင်လောက်အောင်များပြားလွန်းတာကို တွေ့ဖူးတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

သင်တို့ရော Jung So Min ရဲ့ အကြိုက်ဆုံး အနမ်းဇာတ်ဝင်ခန်းကို ကြည့်ရှုခဲ့ကြဖူးပါသလား။

Ref : Soompi
Nemo – K Cele Voice

Leave a Comment