K Wave News

မကြာခင်အချိန်အတွင်းမှာ Red Velvet ရဲ့ Comeback ရှိလာမယ်ဆိုတဲ့အကြောင်းကို အတည်ပြုပေးလာတဲ့ SM Entertainment

SM Entertainment ဟာ လတ်တလောကျင်းပပြုလုပ်ခဲ့တဲ့ COMEUP 2020 Meet the Future – Post Pandemic ဆိုတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူတို့ကုမ္ပဏီက အနုပညာရှင်တွေရဲ့ ရှေ့ဆက်သွားမယ့် လှုပ်ရှားမှုအစီအစဉ်တွေအကြောင်းကို ပြောပြသွားခဲ့ပြီး ဒီလိုပြောသွားခဲ့တဲ့အထဲမှာ Red Velvet ရဲ့ Comeback နဲ့ပတ်သတ်တဲ့အကြောင်းတွေလည်း ပါဝင်တာကိုတွေ့ရပါတယ်။

ဒီအကြောင်းတွေကို SM Entertainment ရဲ့ CEO ဖြစ်သူ Lee Sung Soo ကိုယ်တိုင်ပြောပြသွားခဲ့တာဖြစ်ပြီး အဆိုပါပြောပြချက်တွေအရတော့ ကုမ္ပဏီအနေနဲ့ Red Velvet အတွက် Comeback ကိုပြုလုပ်ပေးဖို့အတွက် အစီအစဉ်တွေရှိကြောင်း၊ ဖြစ်ပေါ်ခဲ့တဲ့ပြဿနာကိစ္စတွေနဲ့ပတ်သတ်ပြီးတော့လည်း နစ်နာရသူကို စိတ်ရင်းနဲ့တောင်းပန်ပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မကြာခင်အချိန်အတွင်းမှာ Red Velvet အဖွဲ့ဝင်တွေဟာ ပိုမိုရင့်ကျက်တဲ့အသွင်သဏ္ဍာန်တွေနဲ့ ပြန်လာမှာဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ စောင့်စားအားပေးဖို့အတွက်ကိုလည်း ကုမ္ပဏီအနေနဲ့ မျှော်လင့်ပါကြောင်းကို CEO Lee Sung Soo က ပြောသွားခဲ့ပါသေးတယ်။

Red Velvet အဖွဲ့ဟာဆိုရင် ပြီးခဲ့တဲ့လတုန်းကဖြစ်ပေါ်ခဲ့တဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်သူ Irene ရဲ့ ကိုယ်နှုတ်အမူအရာရိုင်းပျတဲ့ကိစ္စနဲ့ပတ်သတ်လို့ ဝေဖန်အပြစ်တင်မှုတွေကိုများစွာရရှိခဲ့ပြီး သူမတို့ရဲ့ Comeback နဲ့ပတ်သတ်တဲ့သတင်းတွေဟာလည်း တိတ်ဆိတ်နေခဲ့တာကြောင့် အွန်လိုင်းအသုံးပြုသူပရိသတ်တွေက သူမတို့တွေကို အချိန်တစ်ခုမျှ လူအများရှေ့မှာ မမြင်တွေ့နိုင်လောက်ဘူးလို့ ခန့်မှန်းခဲ့ကြပါတယ်။

ဒါပေမယ့်လည်း အခုလိုမျိုး CEO ဖြစ်သူကိုယ်တိုင် အတည်ပြုကြေညာပေးလိုက်တဲ့အခါမှာတော့ ပရိသတ်တွေမှာ အံ့အားသင့်ခဲ့ရကြတဲ့အပြင် မကြာခင်ထွက်ရှိလာမယ့် Comeback အတွက်ကိုလည်း ရင်ခုန်စိတ်လှုပ်ရှားနေကြတာကို တွေ့ရပါတယ်။

Ref : Koreaboo
Nemo – K Cele Voice

Leave a Comment