K Wave News

Dancer တစ်ယောက်အနေနဲ့ ကြည့်ကောင်းနေဖို့အတွက် ဦးထုပ်တစ်လုံးလိုအပ်ကြောင်း ပြောပြခဲ့တဲ့ EXO အဖွဲ့ဝင် Kai

EXO ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Kai ဟာဆိုရင် အခုပြီးခဲ့တဲ့ရက်တုန်းက ထုတ်လွှင့်ပြသသွားခဲ့တဲ့ I Live Alone အစီအစဉ်မှာ ဧည့်သည်အဖြစ်ပါဝင်ခဲ့ပြီး ဒီလိုပါဝင်ရာမှာ သူတစ်ယောက်တည်းတင်မဟုတ်ပဲ အထူးဧည့်သည်တစ်ဦးကိုပါ ပါဝင်ဖို့အတွက် ခေါ်ဆောင်ခဲ့ပါတယ်။

အဲဒီသူကတော့ Kai ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ အပြင်သာမန်လူ Kwonho ပဲဖြစ်ပါတယ်။ Kwonho ဟာဆိုရင် Kai အပါအဝင် BTS‘s Jimin, HOTSHOT‘s Moongyu, SHINee‘s Taemin နဲ့ Ha Sungwoon တို့နဲ့လည်း ရင်းနှီးတဲ့သူဖြစ်ပါသေးတယ်။

အစီအစဉ်မှာတော့ Kai က သူငယ်ချင်းဖြစ်သူ Kwonho ကို “Tempo” သီချင်းရဲ့ကကွက်အချို့ကို သူကိုယ်တိုင်သင်ပေးခဲ့ပြီး ဒီသင်ကြားရာမှာ Kwonho အနေနဲ့ နေရခက်တဲ့ပုံစံဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

အဲဒီအခါမှာတော့ Kai က သူ့ရဲ့လျှို့ဝှက်လက်နက်တစ်ခုဖြစ်တဲ့ ဦးထုပ်တစ်လုံးကို ယူဆောင်လာပေးခဲ့ပြီး Kai ရဲ့ ပြောပြချက်အရတော့ ဦးထုပ်ဟာ ကတဲ့အချိန်တွေမှာ အခြေခံလိုအပ်တဲ့ အရာပစ္စည်းဖြစ်တယ်လို့ သိရပါတယ်။

အကြောင်းအရင်းကတော့ အကသမားတွေအနေနဲ့ ကတဲ့အချိန်တွေမှာ ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားမယ်ဆိုရင် ဘေးဘီဝဲယာကို သိပ်မမြင်ရတော့တဲ့အတွက် မိမိကိုယ်ကို စိတ်လုံခြုံမှုရှိလာစေပြီး ယုံကြည်မှုတွေလည်း တိုးလာနိုင်တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

သင်ရော Kai ပြောပြလာတဲ့ ဒီအကြောင်းနဲ့ပတ်သတ်ပြီး ဘယ်လိုမျိုးများထင်မြင်မိပါသလဲ။

Ref : Koreaboo
Nemo – K Cele Voice

Leave a Comment