Myanmar Celebrity News
Source: Htat Htat Moe Oo
ယူနီကုတ်ဖြင့်ဖတ်ရန်
” သူမရဲ့ Live မှာ တန်ဖိုးကြီးကားအစီး၃၀ ကျော်ရောင်းထွက်နိုင်ခဲ့တာကြောင့် ပရိသတ်တွေအားပေးမှုကို ကျေနပ်ဝမ်းသာပီတိဖြစ်နေတဲ့ ထက်ထက်မိုးဦး ”
Myanmar Cele-Cafe ပရိသတ်ကြီးရေ ထက်ထက်မိုးဦးလို့ပြောလိုက်တာနဲ့ တခတ်တစ်ခါက ကြော်ငြာဘုရင်မလို့တောင်တင်စားခဲ့ရတဲ့သူဆိုတာ ရုပ်ရှင်ချစ်ပရိသတ်တွေသိပြီးသားပါဖြစ်မှာပါ။ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ပိုင်နိုင်စွာသရုပ်ဆောင်နိုင်မှုကြောင့်အကယ်ဒမီဆွတ်ခူးရရှိတဲ့ထိပ်တန်းမင်းသမီးတစ်လက်ပါ။
အနုပညာအလုပ်တွေကိုအချိန်တော်တော်ကြာ​ေအာင်ရပ်နားခဲ့ပေမယ့် အခုချိန်မှာတော့ ပရိသတ်ရှေ့ကိုပြန်လည်ထွက်ပေါ်လာပြီပဲ ဖြစ်ပါတယ်။ အခုလိုcovidကာလမှာလည်းliveလွှင့်ကာ စျေးရောင်းနေတာလည်းတွေ့ရပါတယ်။ သူမရဲ့အနုပညာသက်တမ်းတလျှောက်အတွေ့အကြုံအမှတ်တရတွေကိုလည်း အမြဲတင်လေ့ရှိပါသေးတယ်။
ဒီနေ့မှာ​ေတာ့” ၁၉ ရက်နေ့က ကားရောင်းတာ ၁၈ စီးရောင်းရသလိုပဲဒီနေ့ KIA မှာလည်း ထက်ရှိတဲ့အချိန်ထိ ကား ၃၁ စီး ရောင်းပေးပြီးသွားပြီ။ထက် Live က ခံစားခွင့်တွေအတိုင်း မနက်ဖြန်ညထိလည်း KIA ကပေးထားပါတယ်။ ရတနာတွေတင်အားပေးတာမဟုတ်ပဲ ကားတွေထိ အားပေးကြတဲ့ ချစ်ရသူတွေ အရမ်းရမ်း ချစ်တယ်နော်။ ထက်ချစ်ရတဲ့အသက်တွေ မနက်ဖြန် ပြန်တွေ့ကြမယ်💕”ဆိုတဲ့စာလေးနဲ့ တော်ရုံလူတွေရောင်းမထွက်နိုင်တဲ့တန်ဖိုးကြီး ကားတွေကို ရောင်းထွက်ခဲ့တဲ့ ထက်ထက်ရဲ့စန်းကတော့အံ့မခန်းပါပဲနော်။ ဖတ်ရှုပေးကြတဲ့ Myanmar Cele-Cafe ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Htat Htat Moe Oo
Candy – Myanmar Cele-Cafe
Leave a Comment