Myanmar Celebrity News





Source : Myat Thu Thu

ယူနီကုတ်ဖြင့်ဖတ်ရန်

” ယခုနှစ်(၂၀၂၀)မှာ အိမ်အသစ်နဲ့ ဖုန်းအသစ်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်တာကြောင့် လာမယ့်(၂၀၂၁)မှာလည်း ကံကောင်းခြင်းအသစ်တွေထပ်ရောက်လာဖို့ပိုစုဆောင်းကြိုစားမယ်ဆိုတဲ့ မြတ်သူသူ”

ျမြတ်သူသူကတော့MRTV- (4 ) ဇာတ်လမ်းတွဲမင်းသမီးတစ်လက်ဖြစ်ပြီး ” ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ မြညိုဆိုတဲ့ဇာတ်ကောင်နဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးဆိုကာ ပရိသတ်အားပေးမှု အပြည့်အဝရရှိလာခဲ့တဲ့ သူလေးတစ်ယောက်ပါ။ မြညိုလို့ ပရိသတ်တွေသတိမထားမိခင်ကတည်းက “ကံကံ၏အကျိုး” ဇာတ်လမ်းတွဲ ၊ချစ်ခွန်းခြွေသီချစ်သူဆီ၊ ရတနာထဲကရတနာ ၊တို့အပြင် ဝင်္ကပါစံအိမ်ဇာတ်လမ်းတွဲတွေပါ တို့မှာပါဝင်ခဲ့တဲ့သူလေးပါ။

” တတိယမြောက်ဆုံမှတ် ” ဇာတ်လမ်းတွဲမှာလည်း ” ယွန်းမေခ” ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ ခေါင်းဆောင်မင်းသမီးနေရာက ပါဝင်ခဲ့တာပါ။သူမရဲ့ “တို့မမနဲ့တို့”ဇာတ်လမ်းတွဲဟာလည်း MRTV-4ဇာတ်လမ်းတွဲပရိသတ်တွေကြားမှာ အရမ်းကိုနာမည်ကြီးခဲ့တဲ့ကားတစ်ကားပါပဲနော်။

ဒါ့အပြင်အမြဲလိုလိုဟန်ဆောင်မှုကင်းပြီး ရိုးသားတဲ့မြတ်သူသူကတော့ သူမစိတ်ထဲရှိတဲ့အတိုင်း ပြောဆိုတတ်သူလေးပါပဲနော်။လက်ရှိမှာလည်း ”
Fighting 2020💪💪💪2021 ရောက်တာနဲ့ ကံကောင်းခြင်းအသစ်တွေထပ်ရောက်လာမှာပါ ပိုကြိုးစားနိုင်ရမယ် ပိုစုဆောင်းနိုင်ရမယ်။ ပိုကျေးဇူးဆပ်နိုင်ရမယ် ပိုလှူနိုင်ရမယ် 🙏🙏🙏ချစ်ခင်အားပေးပြီး အလုပ်တွေယုံကြည်စွာလက်တွဲလုပ်ပေးသူတိုင်းကို အရမ်းကျေးဇူးတင်ပါတယ်ရှင့် ။မြတ်သူကို အခုထိချစ်ပြီးအားပေးဝန်းရံပေးကြတဲ့weweလေးများကိုလည်း 😘😘😘”ဆိုတဲ့စာလေးနဲ့ သူမအနေနဲ့ အိမ်အသစ်လေးမှာ နေထိုင်နေကြောင်းပြောပြခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ Myanmar Cele-Cafe ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Myat Thu Thu ‘sMy day
Candy -Myanmar Cele-Cafe
ယူနီကုတ်ဖြင့်ဖတ်ရန်

Leave a Comment