Myanmar Celebrity News

” အသက်အရွယ်ရနေပြီဖြစ်တဲ့ဝါရင့်ရုပ်ရှင်ပညာရှင်နှစ်ဦးအကျိုးရှိစေဖို့ အ တွက် ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ သူ့ရဲ့အဖြစ်ကို ဝမ်းသာကြည်နူးစွာပြောပြလာတဲ့ လွင်မိုး”




Source : Lwin Moe
ယူနီကုတ်ဖြင့်ဖတ်ရန်

” အသက်အရွယ်ရနေပြီဖြစ်တဲ့ဝါရင့်ရုပ်ရှင်ပညာရှင်နှစ်ဦးအကျိုးရှိစေဖို့ အတွက် ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ သူ့ရဲ့အဖြစ်ကို ဝမ်းသညကြည်နူးစွာပြောပြလာတဲ့ လွင်မိုး”

Myanmar CeleCafe ပရိသတ်ကြီးရေ လွင်မိုးကတော့ တစ်ခေတ်တစ်ခါကပရိသတ်တွေတခဲနက်အားပေးခဲ့ရတဲ့ မင်းသားကြီးတစ်လက်ပါ။အခုချိန်ထိလည်း အနုပညာခြေလှမ်းတွေကြဲသွားပေမယ့်လည်း ချစ်တဲ့ပရိသတ်တွေကတော့ အားပေးဝန်းရံလျက်ရှိဆဲပဲ ဖြစ်ပါတယ်။

သတင်းတင်ဆက်သူမေသူနဲ့ အိမ်ထောင်ကျပြီး သမီးချောလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားတဲ့ သူဖြစ်ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ မြေးဦးလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်နော်။ဒါ့အပြင် အနူပညာအလုပ်ကိုရပ်နားထားကာ စီးပွားရေးဘက်ကိုလည်း အားစိုက်နေပေမယ့် လွင်မိုးကတော့လက်ရှိ Covidကာလမှာ အိမ်မှာပဲ Stay Homeနေထိုင်ကာ ဟင်းတွေကိုယ်တိုင်ချက်ကာ မြေးလေးလီလီလေးကို ထိန်းကာ အေးချမ်းစွာနေထိုင်လျက်ရှိပါတယ်နော်။

လက်ရှိမှာတော့ “ဒီနေ့၉၉ နှစ် နှင့် ၈၅ နှစ်ဝါရင့်ရုပ်ရှင်ပညာရှင်နှစ်ဦးဖုံးအဆက်အသွယ်ရအောင်ကူညီပေးခဲ့ရလို့ဝမ်းသာမဆုံးပါ”ဆိုတဲ့စာလေးနဲ့အတူ အနုပညာရှင်ပီပီ အနုပညာသမားအချင်းချင်း အကျိုးရှိအောင်ကူညီပေးလိုက်နိုင်တဲ့ သူ့ရဲ့ အဖြစ်ကို ဝမ်းသာဂုဏ်ယူစွာပြောပြအသိပေးခဲ့တာပါ။ ပရိသတ်တွေရဲ့အချစ်ကိုကိုယ်တိုင်မကဘဲ မျိုးဆက်တွေထိရရှိထားလွင်မိုးရဲ့ စိတ်ထားကတော့ လေးစားစရာပါပဲနော်။ဖတ်ရှုပေးကြတဲ့ Myanmar Cele-Cafe ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Lwin Moe
Candy -Myanmar Cele-Cafe

Leave a Comment