Myanmar Celebrity News







Source : Khine Thin Kyi
ယူနီကုတ်ဖြင့်ဖတ်ရန်

” မိဘပိုက်ဆံမပါဘဲ မွေးနေ့အလှူငွေ၁၈သိန်းကို အနုပညာကြေးမုန့်ဖိုးလေးတွေစုပြီးလှူဒါန်းခဲ့တဲ့စံထိပ်ထားဦးအတွက် ဂုဏ်ယူစွာပြောပြလာတဲ့မေမေခိုင်သင်းကြည်”

Myanmar Cele-Cafe ပရိသတ်ကြီးရေ စံထိပ်ထားဦးကတော့ အရွယ်ရောက်လာလေ လှသထက်လှလာတဲ့အနုပညာမျိုးဆက်သစ်လေးပါ။မင်းသမီးခိုင်သင်းကြည်ရဲ့ တစ်ဦးတည်းသောသမီးလေးဖြစ်ပြီး ပညာရေးကိုဦးစားပေး သင်ယူနေပေမယ့် ရရင်ရသလို အနုပညာအလုပ်တွေကိုလုပ်ကိုင်လျက်လည်း ရှိပါတယ်နော်။

စံထိပ်ထားဦးလေးကို ချစ်တဲ့ပရိသတ်တွေက ချစ်စနိုးနဲ့လည်း ထိပ်ထိပ်လေးလို့ ခေါ်လေ့ရှိကြပါသေးတယ်။ဒါ့အပြင်ပရိသတ်တွေက ထိပ်ထိပ်လေးရဲ့ TikTokတွေကို အထူးအားပေးသဘောကျလျက်ရှိတာပါပဲနော်။ အခုနောက်ပိုင်းမှာလည်း ဂီတာတီးသင်ပြီး ပရိသတ်တွေကိုအချိန်ရရင်ရသလို ဆိုပြလေ့ရှိပါသေးတယ်။

လက်ရှိမှာတော့ နိုဝင်ဘာလ၂၆ရက်နေ့မှာကျရောက်မယ့် သူမရဲ့မွေးနေ့ရက်မြတ်လေးတွေအတွက် နိုဝင်ဘာလ၂၄ ရက်နေ့မှာ မြောက်ဥက္ကလာ မြို့နယ် ဝေဘာဂီ ဆေးရုံကြီးသို့သွားရောက်ကာ လှူဒါန်းမှုတွေပြုလုပ်ခဲ့တာပါ။ ငွေသား၁၈သိန်းတိတိကိုလှူဒါန်းခဲ့တာဖြစ်ပေမယ့် မိဘတွေရဲ့ပိုက်ဆံနဲ့မဟုတ်ဘဲ ကိုယ်ပိုင်အနုပညာကြေးလေးတွေနဲ့လှူဒါန်းခဲ့ကြောင်းကို ” သူ့အနုပညာကြေးမုန့်ဖိုးလေးနဲ့လှူတာမိဘပိုက်ဆံမပါပါဘူးရှင့်”ဆိုတဲ့စာလေးနဲ့ ခိုင်သင်းကြည်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ Myanmar Cele-Cafeပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Khine Thin Kyi
Candy – Myanmar Cele-Cafe

Leave a Comment