Myanmar Celebrity News

” Covidကာလမှာတောင် မွေးနေ့လက်ဆောင်ကို တကူးတက ရောက်အောင်ပို့ပေးခဲ့​တဲ့ ဆောင်းယွန်းစံကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ သီဟအောင်”

Myanmar Cele-Cafe ပရိသတ်ကြီးရေသီဟအောင်ကတော့ကိုရီးယားမင်းသားလေးတစ်ယောက်လို ချောမောတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ဖြစ်နေရတာအမှန်ပါပဲနော်။ (၂၀၁၉)အကယ်ဒမီထူးချွန်ဆုပေးပွဲအခမ်းအနားမှာ ရွှေကြိုအဖြစ်ပါဝင်ရင်း ပရိသတ်တွေသတိထားမိလာသူတစ်ဦးလည်းဖြစ်ပါတယ် ။


အခုချိန်မှာ အနုပညာအလုပ်တွေကိုလုပ်ကိုင်နေပြီဖြစ်တဲ့ သီဟအောင်ကတော့ အနုပညာမျိုးရိုးရှိသူဖြစ်ပြီး အောင်မြင်တဲ့လူကြမ်းမင်းသားကြီး ကိုကိုဦးရဲ့ သားလေးပဲ ဖြစ်ပါတယ်။ Music Videoတွေ ဆက်တိုက်ရိုက်ကူးပြီးနောက် အခုဆိုရင်ရုပ်ရှင်ဇာတ်ကားတွေပါရိုက်ကူးနေပြီလို့သိရပါတယ်။


လက်ရှိမှာလည်းပရိသတ်တွေရဲ့အချစ်တွေကိုရရှိပိုင်ဆိုင်ထားတဲ့ သီဟအောင်ကတော့TikTokလေးတွေအမြဲဆော့လေ့ရှိတဲ့သူပါ။ မကြာသေးခင်ကကျ​ရောက်ခဲ့တဲ့ နိုဝင်ဘာလ၁၅ရက်နေ့ကတော့သီဟအောင်ရဲ့မွေးနေ့ရက်မြတ်​လေးဖြစ်ခဲ့ပြီးဒီနေ့မှာတော့ “ဒီနေ့ရောက်လာတဲ့မကြီးSaung Yoon San ရဲ့ကျွန်တော့်အတွက်မွေးနေ့လက်ဆောင်လေးပါတဲ့😍မကြီးရေ ကျေးဇူးအထူးတင်တယ်နော် 🥰အာဘွားမကြီးရေ” ဆိုတဲ့စာလေးနဲ့ မင်းသမီးဆောင်းယွန်းစံရဲ့မွေးနေ့လက်ဆောင်လေးရရှိကြောင်းပြောပြခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ Myanmar Cele-Cafe ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: ThihaAung
Candy -Myanmar Cele-Cafe
ယူနီကုတ်ဖြင့်ဖတ်ရန်

Leave a Comment