လတ်တလော tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသလျှက်ရှိတဲ့ ‘House on Wheels’ တီဗွီအစီအစဉ်ဟာဆိုရင် မင်းသား Yeo Jin Goo အနေနဲ့ တင်ဆက်သူအဖွဲ့ဝင်အဖြစ် ရိုက်ကူးနေတဲ့အစီအစဉ်ဖြစ်ပြီး အခုပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့တုန်းက ပြသခဲ့တဲ့အပိုင်းမှတော့ာ အဆိုတော်နဲ့ မင်းသမီးဖြစ်သူ IU က ဧည့်သည်အဖြစ်ပါဝင်ရိုက်ကူးခဲ့ပါတယ်။
ဒါကြောင့် ဒီအပိုင်းမှာ IU နဲ့ Yeo Jin Goo တို့အကြားမှာရှိတဲ့ ရင်းနှီးမှုအတိုင်းအတာကို တွေ့မြင်နိုင်တဲ့အပိုင်းတစ်ပိုင်းလည်းဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ ‘House on Wheels’ ရဲ့အခြားသောအဖွဲ့ဝင်တွေက စားသောက်ဖို့အတွက်ပြင်ဆင်နေကြတဲ့အချိန်မှာ IU နဲ့ Yeo Jin Goo တို့က ထိုင်ပြီးစကားစမြည်ပြောနေခဲ့ကြပါတယ်။
အဲဒီအခါမှာတော့ IU က သူ့ကို အစီအစဉ်မှာပါဝင်ဖို့ဖိတ်ခေါ်ခဲ့တဲ့အတွက် Yeo Jin Goo ကို ကျေးဇူးတင်ကြောင်းပြောခဲ့ပြီး ဒါကို Yeo Jin Goo ကလည်း ခေါင်းညိတ်လက်ခံခဲ့ပါတယ်။ ဒီနောက်မှာတော့ IU က “နင်လည်း ငါ့ကို တစ်ခုခုတော့ပြန်လုပ်ပေးရမယ်…နင့်အတွက်နဲ့ ငါဆို အခု မန်ယုံကနေလာခဲ့ရတာ…နင်ကရော ငါ့အတွက် ဘယ်လောက်ဝေးဝေးကနေလာပေးမှာလဲ” လို့ဆိုကာ ပြန်လည်မေးခွန်းထုတ်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ Yeo Jin Goo က ခဏစဉ်းစားဟန်ပြုလိုက်ပြီး “အင်း….ကိုရီးယားနိုင်ငံ အပြင်ကနေလာ…ဒါ နည်းနည်းတော့ နည်းသေးတယ်ထင်တယ်နော်…တကယ်တော့ အစ်မဆိုရင် ဘယ်အချိန်မှာပဲပဲ ဘယ်လိုနေရာမျိုးကိုမဆို ကျွန်တော်သွားပေးနိုင်ပါတယ်” လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။
Yeo Jin Goo ရဲ့ ဒီအဖြေစကားကိုကြားပြီးချိန်မှာတော့ IU က ကျေနပ်သလိုဟန် ပြုံးလိုက်ပါတော့တယ်။ Yeo Jin Goo နဲ့ IU တို့ဟာ မနှစ်တုန်းက ထုတ်လွှင့်ပြသခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ ‘Hotel Del Luna’ ဇာတ်လမ်းတွဲမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့ကြပြီးနောက် ရင်းနှီးခင်မင်တဲ့ မိတ်ဆွေတွေအဖြစ်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။
Ref : SBS Star
Nemo – K Cele Voice