K Pop News
” (၅)လကြာပြီးနောက် Gym ပြန်လည်ကစားနေပြီဖြစ်ကြောင်း ပြောပြလာတဲ့ ခင်သဇင်”
Source : Khin Thazin
ယူနီကုတ်ဖြင့်ဖတ်ရန်
” (၅)လကြာပြီးနောက် Gym ပြန်လည်ကစားနေပြီဖြစ်ကြောင်း ပြောပြလာတဲ့ ခင်သဇင်”
MyanmarCele-Cafe ပရိသတ်ကြီးရေ ခင်သဇင်ကတော့ ” ထာဝရနှောင်ကြိုး”ဇာတ်လမ်းတွဲကနေ ပရိသတ်တွေပိုမို အားပေးခြင်းခံလာရတဲ့ မင်းသမီးတစ်လက်ပါ။ ပရိသတ်တွေတခဲနက်အားပေးခဲ့တဲ့ MRTV4ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ ” အချစ်ဖွဲ့လေညင်း “ဇာတ်လမ်းတွဲမှာ မိုးကလျာဆိုတဲ့ ဗီလိန်ကာရိုက်တာအနေနဲ့ပါဝင်ခဲ့တာဖြစ်ပါတယ်။
ပရိသတ်တွေကတော့ သူမရဲ့ ဟာကွက်မရှိတဲ့သရုပ်ဆောင်ချက်တွေကို အမြဲအားပေးလျက်ရှိနေတာပဲ ဖြစ်ပါတယ်။ သူမကိုအားပေးတဲ့ပရိသတ်တွေထဲမှာ ယောကျ်ားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေလည်း များစွာပါဝင်နေတာပါ။ ဒါ့အပြင် ကျန်းမာရေးလည်းလိုက်စားတဲ့ သူတစ်ယောက်ပါ။
လက်ရှိမှာလည်း “Gym ဆိုတဲ့ သဘောက မလာရင်လည်း လုံးဝ မလာချင်ဘူး..ရောက်ပြီ ဆိုလည်း မပြန်ချင်တော့ဘူး … Gym မလာတာ ၅ လပြည့် အမှတ်တရ ဗိုက်ခေါက်လေးတွေတော့ သည်းခံကြည့်ပေးနော် ” ဆိုတဲ့စာလေးနဲ့အတူ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ Gym ပြန်ဆော့နေပြီဖြစ်ကြောင်း ပြောပြခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ MyanmarCele-Cafe ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Khin Thazin
Candy -MyanmarCele-Cafe
Leave a Comment