Myanmar Cele-Cafe ပရိသတ်ကြီးရေ နီနီခင်ဖော်ကတော့ မြန်မာနိုင်ရဲ့ အအောင်မြင်ဆုံးအမျိုးသမီးအဆိုရှင်တွေထဲက တစ်ယောက်အပါအဝင်လို့ သတ်မှတ်ရမှာပါ။ အသံပါဝါကောင်းကောင်းနဲ့ အလွမ်းအဆွေးသီချင်းတွေသာမက မြုးမြူးကြွကြွသီချင်းတွေကို ပေါ့ ပါးသွက်လက်စွာကပြနိုင်တဲ့ ထူးခြားတဲ့အဆိုရှင်တစ်ဦးပါ။
Melody Wall သီချင်းပြိုင်ပွဲကနေ အောင်မြင်vတဲ့အဆိုရှင်ဖြစ်လာတဲ့နီနီကတော့ အခုချိန်မှာ အဆိုပြိုင်ပွဲတွေရဲ့ ဒိုင်တစ်ယောက်အဖြစ်လည်း ပရိသတ်တွေမြင်တွေ့နေရပါပြီနော်။ အနုပညာရှင်တစ်ချို့ကတောင်နီနီခင်ဇော်ရဲ့ ပရိသတ်တွေလို့ ဆိုရမှာပါ။ဒီနေ့ကျရောက်တဲ့သြဂုတ်လ(၃၁)ရက်နေ့ကတော့ သူမရဲ့ (၂၉)နှစ်မြောက်မွေးနေ့ပဲ ထြစ်ပါတယ်။
G fatt ကလည်း “သီချင်းတွေ ဆိုမယ် .. ခရီးတွေ ထွက်မယ် .. ကဗျာတွေ ဖတ်မယ် .. ၂ ခါ ညှိစရာမလိုဘူး လို့ ဆိုလိုနေတဲ့ ပုံပါ ။ ဆုံသမျှမှာ ရှားရှားပါးပါး ရိုက်ဖူးတဲ့ ဆယ်ဖီလ် ပုံဖြစ်လို့ ယုံယုံကြည်ကြည်နဲ့ Share ရင် ပုံထဲက အမ ကြီးလို အသံကောင်းပြီး ပုံထဲက အကိုကြီးလို ချစ်တက်တဲ့ ချစ်သူ ရပါလိမ့်မယ် ။ FA တွေလျောက်မShareပါနဲ့ စတာပါတကယ်က ပုံထဲက အမကြီး မွေးနေ့ပါ HAPPY BIRTHDAY Ma Ni ❤”ဆိုတဲ့ မွေးဆုတောင်း ပေးခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ Myanmar Cele-Cafe ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: G Fatt
Candy -Myanmar Cele-Cafe
ယူနီကုတ်ဖြင့်ဖတ်ရန်