ေတာင္ကိုရီးယားႏိုင္ငံရဲ႕ နာမည္ေက်ာ္အမ်ိဳးသားအဆိုေတာ္အဖြဲ႕ျဖစ္တဲ့ EXO ရဲ႕အဖြဲ႕ဝင္တစ္ေယာက္ျဖစ္သူ Kai ဟာ အခုဆိုရင္ တစ္ကိုယ္ေတာ္အျဖစ္နဲ႔ စတင္ပြဲဦးထြက္ဖို႔ေသခ်ာသြားၿပီဆိုတဲဲ့အေၾကာင္းကို Kai ရဲ႕ ေအဂ်င္စီျဖစ္တဲ့ SM Entertainment ကေနၿပီးေတာ့ ဒီေန႔ ဇူလိုင္လ ၃ ရက္ေန႔မွာ အတည္ျပဳထုတ္ျပန္ေပးခဲ့ပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ Kai ရဲ႕ တစ္ကိုယ္ေတာ္ပြဲဦးထြက္လာမယ့္ အယ္လ္ဘမ္နဲ႔ပတ္သတ္ၿပီး အတိအက်ထုတ္ျပန္ထားျခင္းမရွိေသးေပမယ့္လည္း မၾကာခင္အခ်ိန္အတြင္းမွာ အေကာင္အထည္ေပၚလာမွာျဖစ္တဲ့အတြက္ ထိုအခ်ိန္က်မွသာ ထုတ္ျပန္ေပးမွာျဖစ္ေၾကာင္းကို တစ္ပါတည္းအသိေပးထားတာကို ေတြ႕ရပါတယ္။
Kai အေနနဲ႔ အခုလိုမ်ိဳးတစ္ကိုယ္ေတာ္ပြဲဦးထြက္တာဟာ EXO အဖြဲ႕ဝင္ေတြထဲမွာဆိုရင္ ငါးေယာက္ေျမာက္အဖြဲ႕ဝင္ျဖစ္ၿပီး Kai ထက္ေစာကာ တစ္ကိုယ္ေတာ္ပြဲထြက္ထားၾကတဲ့ အဖြဲ႕ဝင္ေတြကေတာ့ Baekhyun, Chen, Suho နဲ႔ Lay တို႔ျဖစ္ၾကပါတယ္။ Kai ဟာဆိုရင္ EXO အဖြဲ႕ထဲမွာ Main Dancer အျဖစ္တာဝန္ယူထားသူျဖစ္ေပမယ့္လည္း အခုလိုမ်ိဳးတစ္ကိုယ္ေတာ္ေတးသီခ်င္းအယ္လ္ဘမ္ထြက္ရွိလာတာက သူ႔ရဲ႕အႏုပညာအရည္အခ်င္းျပည့္၀မႈကို ျပသလိုက္တဲ့သေဘာပါပဲ။
Ref : KStarLive
Unicode
တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်အမျိုးသားအဆိုတော်အဖွဲ့ဖြစ်တဲ့ EXO ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Kai ဟာ အခုဆိုရင် တစ်ကိုယ်တော်အဖြစ်နဲ့ စတင်ပွဲဦးထွက်ဖို့သေချာသွားပြီဆိုတဲ့အကြောင်းကို Kai ရဲ့ အေဂျင်စီဖြစ်တဲ့ SM Entertainment ကနေပြီးတော့ ဒီနေ့ ဇူလိုင်လ ၃ ရက်နေ့မှာ အတည်ပြုထုတ်ပြန်ပေးခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ Kai ရဲ့ တစ်ကိုယ်တော်ပွဲဦးထွက်လာမယ့် အယ်လ်ဘမ်နဲ့ပတ်သတ်ပြီး အတိအကျထုတ်ပြန်ထားခြင်းမရှိသေးပေမယ့်လည်း မကြာခင်အချိန်အတွင်းမှာ အကောင်အထည်ပေါ်လာမှာဖြစ်တဲ့အတွက် ထိုအချိန်ကျမှသာ ထုတ်ပြန်ပေးမှာဖြစ်ကြောင်းကို တစ်ပါတည်းအသိပေးထားတာကို တွေ့ရပါတယ်။
Kai အနေနဲ့ အခုလိုမျိုးတစ်ကိုယ်တော်ပွဲဦးထွက်တာဟာ EXO အဖွဲ့ဝင်တွေထဲမှာဆိုရင် ငါးယောက်မြောက်အဖွဲ့ဝင်ဖြစ်ပြီး Kai ထက်စောကာ တစ်ကိုယ်တော်ပွဲထွက်ထားကြတဲ့ အဖွဲ့ဝင်တွေကတော့ Baekhyun, Chen, Suho နဲ့ Lay တို့ဖြစ်ကြပါတယ်။ Kai ဟာဆိုရင် EXO အဖွဲ့ထဲမှာ Main Dancer အဖြစ်တာဝန်ယူထားသူဖြစ်ပေမယ့်လည်း အခုလိုမျိုးတစ်ကိုယ်တော်တေးသီချင်းအယ်လ်ဘမ်ထွက်ရှိလာတာက သူ့ရဲ့အနုပညာအရည်အချင်းပြည့်ဝမှုကို ပြသလိုက်တဲ့သဘောပါပဲ။
Ref : KStarLive